မောဟ


ကျွန်တော်တို့ ဗုဒ္ဓဘာသာ မှာ လောဘ၊ ဒေါသ၊ မောဟ ဆို တဲ့ မာရ်ငါးပါး ရှိပါတယ်။ လောဘ၊ ဒေါသ ရဲ့ အဓိပယ်ကတော့ရှင်းပါ တယ်။ မောဟ အဓိပယ် ကြတော့ သိပ် မရှင်းပါဘူး။

တလောက ကျွန်တော့ အဖေ နဲ့ မောဟ အဓိပယ် အကြောင်းဆွေးနွေး အညင်းပွါး ခဲ့ရပါတယ်။

Internet ပေါ်မှာ မောဟရဲ့ အဓိပယ်ကို ရှာ လိုက်တော့ Wikipedia က ဒီလို ရေးထားပါတယ်။

မောဟ ရဲ့ သဘောကို ဗုဒ္ဓဘာသာလူငယ်တွေ ရောထွေးနေတတ်ပါတယ်။ အဝိဇ္ဇာ နဲ့ မောဟ ဘာကွာလဲ ဆိုတာမျိုး မေးရင် မသိတာ ဆိုတာ ပဲ ပြောနိုင်ကြတယ်။

ဆရာတော်ဘုရားများ ဟောတဲ့ အရှင်းဆုံးကတော့ …

သစ္စာ(၄)ပါး ကို မသိခြင်းဟူသည် “အဝိဇ္ဇာ”ဖြစ်သည်။ ဒိဌိ နှင့် နွယ်ပါသည်။ ကိုယ်လုပ်နေတာကို သတိမကပ်ဘဲ တွေတွေဝေဝေ ငေးငေးငိုင်ငိုင်ဖြင့် လုပ်နေခြင်း ၊ ကိုယ်လုပ်နေသည့် လုပ်ရပ်ကို ကုသိုလ်၊ အကုသိုလ်ဟုခွဲခြား မသိခြင်းမှာ…”မောဟ”ဖြစ်သည်။

မောဟသည် သစ္စာလေးပါး မသိခြင်းလောက်လည်း အဆင့်မမြင့်ပါ။ သစ္စာလေးပါးမသိလျှင် သံသရာလည်မည်၊ မောဟများလျှင် အပယ်လားမည်။

မောဟ = တွေဝေမိုက်မဲခြင်း။

အလှူ လှူသော်လည်း မည်ကဲ့သို့ လှူသင့်သည်ကို မသိ ၊ ဒီအလှူကဘာကုသို်လ်ရမည်ကိုလည်း မသိ၊ လှူတော့လှူနေခြင်းကို မောဟဖုံးလွှမ်းခြင်းဟု ဆိုပါသည်။ မောဟ၏ တွေဝေမှုမှာ Action ကရှိနေသည်။ မည်သို့ လှူပါက ကုသို်လ်ရမှန်းကိုလည်း သိသည်။ ကုသိုလ်ရအောင်လှူပြီးသောအခါမှ ဒီကောင်းမှုကြောင့် နတ်ဖြစ်ရပါလို၏ ဟုဆုတောင်းလိုက်သောအခါ အဝိဇ္ဇာပါ သွားပါပြီဖြစ်သည်။ ဒုက္ခသစ္စာကို မသိသောကြောင့် နောက်သမုဒယသစ္စာကို လိုချင်တာမျိုးဟု ဆိုရမည်ဖြစ်သည်။

နောက်ဥပမာ - လူတစ်ယောက် အတိတ်ကိုတွေးမိလျှင် ဒေါသဖြစ်မည်။ ထိုကြောင့် ဘာမှ ပြန်မရတောသည့် အတိတ်ကို မတွေးပါနှင့်။ အနာဂတ်ကိုတွေးရင် လောဘ ဖြစ်မည်။ အနာဂတ်ကမရောက်သေးသောကြောင့် ဖြစ်၊ပျက်သံသရာမှာ ကြိုတင်ပြီး လောဘစိတ်မထားပါနှင့်။ ပစ္စုပ္ပန်တွင် မောဟဖြင့် မနေနှင့်ဟု ဆရာတော်များဆုံးမလေ့ရှိပါတယ်။ သတိနဲ့ ကုသို်လ်၊အကုသို်လ်ခွဲခြားနိုင်သော ပညာရှိနေခြင်းသည် မောဟကင်းခြင်းပင်ဖြစ်သည်။ ပညာမြင့်လာခြင်းဖြင့် သစ္စာတရားများကို သိမြင်လာလျှင် အဝိဇ္ဇာပါ ကင်းလာပါမည်။ မောဟ၏ တွေဝေမှုမှာ Action ကရှိနေပါဦးမည်။ ထိနမိဒ္ဓ ကဲ့သို့ ငိုက်နေခြင်းမျိုး တော့မဟုတ်သေးပါ။

မောဟသည် ရုပ်နာမ်သဘော၊ကံသဘော၊သစ္စာသဘော စသည်တို့ကို ဖုံးကွယ်ထားပြီး သတ္တဝါတို့အား အမှောင်တိုက်၌ ကျင်လည်စေသည်..။ မောဟနှင့်သေသူ၏လားရာဂတိမှာ တိရိစ္ဆာန်ပြည်ဖြစ်သည်။